The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၁-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၄၆၈) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၁၂၉.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         ၂၂.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ         နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်    

၆၆ကေဗွီ ရသေ့တောင် - ဘူးသီးတောင် ဓာတ်အားလိုင်း(၃၃)မိုင်၊ ၆၆/၁၁ကေဗွီ ( ၅ ) အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း

 

  • ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ပြည်သူများ လူမှုဘဝ တိုးတက်ရေးမှာ  လိုအပ်သော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှ ရရှိ သုံးစွဲ နိုင်ရေး ၆၆ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် - ဘူးသီးတောင် - မောင်တော ဓာတ်အားလိုင်း (၆၄.၃၁)မိုင်နှင့် ၆၆ကေဗွီ ဓာတ်အားခွဲရုံများတည်ဆောက်ရေးစီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပထမ အဆင့်အနေဖြင့် ၆၆ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်း(၂၂.၂၁)မိုင်၊ ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက် ခြင်းနှင့် ၆၆/၁၁ကေဗွီ (၅)အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း များ ပြီးစီး၍ (၁၅.၃.၂၀၁၈) ရက်နေ့မှစ၍ ရသေ့တောင်ဓာတ်အားခွဲရုံမှ ရသေ့တောင်မြို့ပေါ် အိမ်ထောင်စုပေါင်း (၁၅၃၀)စု နှင့် ဘူးသီးတောင်မြို့ပေါ်ရှိ  အိမ်ထောင်စု(၃၃၇၄)စု သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
  • ၆၆ကေဗွီ ရသေ့ တောင် - ဘူးသီးတောင်ဓာတ်အားလိုင်း(၃၃)မိုင်နှင့်  ၆၆/၁၁ကေဗွီ(၅)အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများ တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်ပါသဖြင့် (၃၁.၁၀. ၂၀၁၈) ရက်နေ့ (၁၆:၃၈)နာရီတွင် ဘူးသီးတောင်မြို့ပေါ်ရှိ အိမ်ထောင်စု (၁၁၉၂)စု ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဂန္ဓမာ၊ စေတီတော် စသည့် ကျေးရွာ ( ၉ ) ရွာသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားပေး နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
15-Nov-2018