The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၅-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၅၄.၄) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၉၃၆၅.၀) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၏ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် C1-W6 ၊ ပဲခူးတိုင်းဒေသကြီး (အနောက်) C1-W7 ၊ ဧရာဝတီတိုင်းဒေသကြီး C1-W8 နှင့် မန္တလေးတိုင်းဒေသကြီး C1-W9 တို့အတွက် တည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၇) ခုတို့အကြား တည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ         ၂၆.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ    

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ကိစ္စရပ်များ စစ်ဆေးကြည့်ရှု

၂၄ ဒီဇင်ဘာလ ၂၀၁၈

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ဓာတ်အား ကွပ်ကဲရေးဌာန(ရန်ကုန်) အတွက် အဆောက်အဦအသစ်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်းညွှန်ကြားရေးမှူး (မြို့ပြ) မှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများအား ရှင်းလင်းပြောကြားရာ ဒုတိယဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း ကြည့်ရှု စစ်ဆေးပါသည်။

          ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်အဖွဲ့သည် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသစ်တည်ဆောက် လျက်ရှိသည့် 66/11- 6.6 kV, 30 MVA GIS Outdoor Substation စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စီမံကိန်းတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသပြီး ဒုတိယဝန်ကြီးမှ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး ဓာတ်အားခွဲရုံအတွင်း ကြည့်ရှုစစ်ဆေးပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် တောင်ဥက္ကလာပမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တောင်ဥက္ကလာပမြို့နယ်တွင် တည်ဆောက် လျက်ရှိသည့် 66/11- 6.6 kV, (2 x 20) MVA GIS Indoor Substation စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်၍ ဓာတ်အားခွဲရုံ တည်ဆောက်ရေး ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများနှင့်အတူ ရန်ကင်းမြို့နယ်ရှိ ကုက္ကိုင်းဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး 66/11- 6.6 kV, (2 x 30) MVA အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက် နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ် ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
24-Dec-2018