The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၅-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၅၄.၄) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၉၃၆၅.၀) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၏ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် C1-W6 ၊ ပဲခူးတိုင်းဒေသကြီး (အနောက်) C1-W7 ၊ ဧရာဝတီတိုင်းဒေသကြီး C1-W8 နှင့် မန္တလေးတိုင်းဒေသကြီး C1-W9 တို့အတွက် တည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၇) ခုတို့အကြား တည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ         ၂၆.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ    

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန နှင့် China Energy Engineering Group Hunan Electric Power Design Institute Co., Ltd (For Lot-1) ၊ SEPCO Electric Power Construction Corporation (For Lot-2) တို့အကြား ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပ

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန နှင့် China Energy Engineering Group Hunan Electric Power Design Institute Co., Ltd (For Lot-1) ၊ SEPCO Electric Power Construction Corporation (For Lot-2) တို့အကြား ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ) - စပါးကြွယ်(တောင်ငူ) မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ China Energy Engineering Group Hunan Electric Power Design Institute Co., Ltd (CEEC) နှင့် SEPCO Electric Power Construction Corporation (SEPCO) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံ များကို အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး နှစ်အလိုက် တိုးတက်သုံးစွဲလာမည့်ဓာတ်အားကို လိုအပ်ချက်များအတိုင်း ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက် ရှိရာတွင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက် ရှိသောဓာတ်အားနှင့် တည်ဆောက်မည့် ဓာတ်အားပေးစက်ရုံများမှ ရရှိလာမည့် ဓာတ်အား များကို ဓာတ်အားသုံးစွဲသူအများအပြားရှိရာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းသို့ ပို့လွှတ်ပေးရာ၌ လက်ရှိအခြေအနေတွင် ၂၃၀ ကေဗွီ ဗို့အားအဆင့်ဖြင့်သာ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနေရသည့်အတွက် ဓာတ်အားပျောက်ဆုံးမှုများပြားခြင်း၊ ဓာတ်အားလိုင်းများ ဝန်အား ပြည့်နေခြင်းနှင့် ဓာတ်အားလိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားလျှင် System Breakdown ဖြစ်ပွားခြင်း စသည့် အားနည်းချက်များ ဖြစ်ပေါ်နိုင်သည့်အတွက် ပင်မကျောရိုးဓာတ်အားလိုင်း (Back Bone) အနေဖြင့် ယခု ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းကို ၂၀၁၄ ခုနှစ်မှစတင်ကာ အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဓာတ်အားလိုင်းအူကြောင်း ရှာဖွေတိုင်းတာခြင်းကို AF Consultant ၏ အကြံပြုချက် များနှင့်အညီ ဌာနမှဆောင်ရွက်ခဲ့ပြီးဖြစ်၍ ကုမ္ပဏီများအနေနှင့် သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီစွာဖြင့် ပြီးစီးအောင် အထူးအလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ယခု ၅၀၀ ကေဗွီ ဓာတ်အားလိုင်းသည် မြန်မာနိုင်ငံ ဓာတ်အားစနစ်အတွက် အရေးပါသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ၅၀၀ ကေဗွီ ဓာတ်အားလိုင်း စီမံကိန်းတစ်ခုဖြစ်သည့်အပြင် ဓာတ်အားလိုင်းပြီးစီးပါက ပြည်သူများကို ဓာတ်အား ပျောက်ဆုံးမှုနည်းပါးစွာဖြင့် ဓာတ်အားပိုမိုဖြန့်ဖြူးပေးလာနိုင်မည်ဖြစ်ခြင်း၊ ဓာတ်အားစနစ် ပြတ်တောက်မှု (System Breakdown) ဖြစ်ပွားမှုအကြိမ်ရေ လျော့နည်းစေပြီး ဓာတ်အားစနစ် တည်ငြိမ်မှု ပိုမိုရရှိလာမည်ဖြစ်ခြင်းတို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိ စေမည့်စီမံကိန်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး Golden China Energy Engineering Group Hunan Electric Power Design Institute Co.,Ltd (CEEC) နှင့် SEPCO Electric Power Construction Corporation (SEPCO) တို့မှ တာဝန်ရှိသူများက ကြိုးဆွဲလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးရေး ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြပါသည်။

          ထို့နောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် နှင့် China Energy Engineering Group Hunan Electric Power Design Institute Co., Ltd (CEEC) မှ Project Manager ၊ SEPCO Electric Power Construction Corporation (SEPCO) မှ Director တို့က လုပ်ငန်းအပ်နှံမှုသဘောတူစာချုပ်များပေါ်တွင် လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
26-Dec-2018