The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၅-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၅၄.၄) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၉၃၆၅.၀) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၏ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် C1-W6 ၊ ပဲခူးတိုင်းဒေသကြီး (အနောက်) C1-W7 ၊ ဧရာဝတီတိုင်းဒေသကြီး C1-W8 နှင့် မန္တလေးတိုင်းဒေသကြီး C1-W9 တို့အတွက် တည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၇) ခုတို့အကြား တည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ         ၂၆.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ    

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် စွမ်းအားသစ်အိုအေစစ် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက် တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပပြုလုပ်

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်

         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် စွမ်းအားသစ် အိုအေစစ် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်တို့အကြား  လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့ (၁၈:၀၀)နာရီ အချိန်တွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးကြည်မိုးနိုင်နှင့် ကော်မတီဝင်များ၊ အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦး၊  ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စွမ်းအားသစ်အိုအေစစ်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးခိုင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

  ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် အထက်ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် စွမ်းအားသစ် အိုအေစစ်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်တို့အကြား လျှပ်စစ်ဓာတ်အား ဝယ်ယူရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း ဖြစ်ပါကြောင်း၊ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို Build, Operate and Transfer (B.O.T) စနစ်ဖြင့် အကောင်အထည်ဖော် တည်ဆောက်နေပြီး စီမံကိန်းကို ၂၀၁၁ ခုနှစ်က စတင်အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ စီမံကိန်းတစ်ခုလုံး၏ (၄၅.၄၈) ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပါကြောင်း၊ ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် ချုပ်ဆိုပြီးနောက်(၃)နှစ်အတွင်း အဆိုပါစီမံကိန်းမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်မည် ဖြစ်ပါကြောင်း၊ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းတွင် ဓာတ်အားပေးစက်ရုံ (၂)ရုံ ပါဝင်ပြီး ဓာတ်အားပေးစက်ရုံ အမှတ်(၁)၏ တပ်ဆင်အင်အားမှာ(၂၀.၄) မဂ္ဂါဝပ်နှင့် ဓာတ်အားပေးစက်ရုံ အမှတ်(၂)၏ တပ်ဆင် အင်အားမှာ (၁၀) မဂ္ဂါဝပ်  ဖြစ်ပြီး  စုစုပေါင်း စက်တပ်ဆင်အင်အားမှာ  (၃၀.၄) မဂ္ဂါဝပ် ဖြစ်ပါ ကြောင်း၊ ဒီဇိုင်းအရ နှစ်စဉ်ထုတ်လုပ်နိုင်မှု ပမာဏမှာ ၁၃၄.၄၈၂ ကီလိုဝပ်နာရီသန်းပေါင်း ဖြစ်ပါကြောင်း၊ အထက်ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်း ပြီးစီးပါက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ​ညောင်ရွှေမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ အိမ်ထောင်စုပေါင်းများစွာသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်၍ သတ်မှတ်စီမံကိန်းကာလအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊  စီမံကိန်း တည်ဆောက်ရေးကာလတွင် ဒေသနေပြည်သူ ၅၀၀ ခန့်နှင့် စီမံကိန်း ပြီးစီး၍ ဓာတ်အားပေးစက်ရုံ လည်ပတ်မည့်ကာလတွင် ဒေသနေ အင်ဂျင်နီယာ ၃၀ ဦးခန့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေခြင်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှု အစီအစဉ်နှင့် လူမှုရပ်ရွာအကျိုးပြုမှု အစီအစဉ်အဖြစ် CSR လုပ်ငန်းအတွက် နှစ်စဉ် အသားတင်အမြတ်ငွေ၏ ၂% ကို အသုံးပြုမည်ဖြစ်ခြင်းတို့ကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေမည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူနိုင်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်းအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားပါသည်။

     ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် စွမ်းအားသစ်အိုအေစစ် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက် ၏ မန်နေးဂျင်းဒါရိုက်တာ ဦးခိုင်ဦး တို့က အထက်ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
28-Dec-2018