The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၅-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၅၄.၄) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၉၃၆၅.၀) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၏ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် C1-W6 ၊ ပဲခူးတိုင်းဒေသကြီး (အနောက်) C1-W7 ၊ ဧရာဝတီတိုင်းဒေသကြီး C1-W8 နှင့် မန္တလေးတိုင်းဒေသကြီး C1-W9 တို့အတွက် တည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၇) ခုတို့အကြား တည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ         ၂၆.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ    

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၂၃၀ ကေဗွီ ရွှေဘို ပင်မဓာတ်အားခွဲရုံတည်ဆောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ( ၃၁ ) ရက်

           လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့၊ ရွှေဘို- မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဘေးရှိ ၂၃၀ ကေဗွီ ရွှေဘိုပင်မဓာတ်အားခွဲရုံ တည်ဆောက် ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပါသည်။

            ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ရွှေဘိုပင်မဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်း ယာယီ ရှင်းလင်းဆောင်တွင် ဓာတ်အားပို့လွှတ်ရေးစီမံကိန်း(မြောက်ပိုင်း) စီမံကိန်းညွှန်ကြားရေးမှူးက ၂၃၀ ကေဗွီ ဗန်းမော်- နဘား- ရွှေဘို- အုန်းတော ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဗန်းမော်ပင်မဓာတ်အားခွဲရုံ၊ နဘားပင်မဓာတ်အားခွဲရုံ၊ ရွှေဘိုပင်မ ဓာတ်အားခွဲရုံများ အသစ်တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

            ဆက်လက်၍ Central China Power Grid(CCPG) မှ တာဝန်ရှိသူများက စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များ၊ ရည်မှန်းချက်များနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရွှေဘိုပင်မဓာတ်အားခွဲရုံ Switch yard အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အကြံပြု လမ်းညွှန်ခဲ့ပါသည်။

            အဆိုပါစီမံကိန်းသည် တာပိန်(၁)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို သယ်ပို့ပြီး နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်ရန်နှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက် ဖြန်ဖြူးပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

            ဗန်းမော်ပင်မဓာတ်အားခွဲရုံတည်ဆောက်ခြင်း၊ နဘားပင်မဓာတ်အားခွဲရုံတည်ဆောက်ခြင်း နှင့် ၂၃၀ ကေဗွီ ဗန်းမော် - နဘား ဓာတ်အားလိုင်း (၇၅)မိုင် တည်ဆောက်ခြင်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ UREC ကုမ္ပဏီမှ လည်းကောင်း၊ ၂၃၀ ကေဗွီ နဘား - ရွှေဘို - အုန်းတော ဓာတ်အားလိုင်း(၁၈၀)မိုင်နှင့် ရွှေဘိုပင်မဓာတ်အားခွဲရုံအသစ်တည်ဆောက်ခြင်း၊ အုန်းတောပင်မ ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ CCPG ကုမ္ပဏီမှ လည်းကောင်း တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများ အားလုံးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
31-Dec-2018