The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၁-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၄၆၈) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၁၂၉.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         ၂၂.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ         နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဖွင့်ပွဲ အခမ်းအနားနှင့် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်    

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ရေနံဓာတ်ငွေ့ရည်များရောင်းချရန် တင်ဒါခေါ်ယူခြင်း

၁။                မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၁)ရေနံဓာတ်ငွေ့ရည် စက်ရုံ(မင်းဘူး)မှ ပရိုပိန်းရေနံဓာတ်ငွေ့ရည် ၂၀၀ တန်(တန်နှစ်ရာတိတိ)နှင့် ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ပရိုပိန်းရေနံဓာတ်ငွေ့ရည် ၁၀၀ တန်(တန်တစ်ရာတိတိ)၊ စုစုပေါင်းပရိုပိန်းရေနံဓာတ်ငွေ့ရည် ၃၀၀ တန်(တန်သုံးရာတိတိ)ကို တင်ဒါစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် ရေနံဓာတ်ငွေ့ရည် တင်သွင်းသိုလှောင်သယ်ယူဖြန့်ဖြူးရောင်းချခွင့်လိုင်စင် လိုင်စင်(ခ)သို့မဟုတ် လိုင်စင်(စ)လက်ဝယ်ရှိသူများ အဆိုပြုလွှာတင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ် ပါသည်။

Download Link : LPG_(_Announcement_).pdf
Download Link : LPG (Cash, Bid Bond).pdf
Download Link : LPG (Rule).pdf
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
08-Jan-2019