The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၅-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၅၄.၄) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၉၃၆၅.၀) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၏ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် C1-W6 ၊ ပဲခူးတိုင်းဒေသကြီး (အနောက်) C1-W7 ၊ ဧရာဝတီတိုင်းဒေသကြီး C1-W8 နှင့် မန္တလေးတိုင်းဒေသကြီး C1-W9 တို့အတွက် တည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၇) ခုတို့အကြား တည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ         ၂၆.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ    

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အမှတ် (၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ) သို့ သွားရောက် ကြည့်ရှုစစ်ဆေး

 ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (   ၂၅  ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊  အမှတ် (၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူး မှ စက်ရုံသမိုင်းကြောင်းနှင့် စက်ရုံဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မြင့်မှ ယခုလက်ရှိ စက်ရုံအား ပြန်လည် လည်ပတ်နိုင်ရန် အတွက် စက်အစိတ်အပိုင်းအချို့အား မွမ်းမံပြင်ဆင်ရန် လိုအပ်မှုနှင့် သဘာဝဓာတ်ငွေ့ ရရှိပါက စက်ရုံလည်ပတ် ထုတ်လုပ်နိုင်မည့်အခြေအနေများ၊ အဆင့်မြင့် ဓာတ်မြေသြဇာ စက်ရုံသစ်တစ်ရုံ ထပ်မံတည်ဆောက်ပါက ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်အခြေအနေ များအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်ဓာတ်မြေသြဇာစက်ရုံသစ် တည်ဆောက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက် နေစဉ်ကာလအတွင်း ပြည်တွင်းဓာတ်မြေသြဇာလိုအပ်ချက်အား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လက်ရှိစက်ရုံ၏အားနည်းချို့ယွင်းနေသော စက်အစိတ်အပိုင်း များကို အစားထိုးပြုပြင်ခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိရေးအတွက် လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ပါသည်။ ဝန်ထမ်းများအနေဖြင့် စက်ရုံပြန်လည် လည်ပတ်ပါက ကောင်းမွန်ချောမွေ့စွာ လည်ပတ်နိုင်ရေး စက်များကြံ့ခိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ စက်ရုံရှိ ပညာရှင်ဝန်ထမ်းများအနေဖြင့် ပြောင်းလဲတိုးတက်နေသော နည်းပညာများနှင့် ဓာတ်မြေသြဇာစျေးကွက်အခြေအနေတို့ကိုလည်း စဉ်ဆက်မပြတ် လေ့လာရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟိုထိန်းချုပ်ရေးစက်ခန်းနှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

          အဆိုပါ အမှတ် (၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ) သည် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကျော်စွာကျေးရွာအနီး ဧရာဝတီမြစ်အရှေ့ဖက်ကမ်းတွင်တည်ရှိပြီး ၁၉၈၄-၁၉၈၅ ခုနှစ်မှစ၍ ဓာတ်မြေသြဇာများ လည်ပတ်ထုတ်လုပ်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ရရှိမှု ကန့်သတ်ချက်အရ ရပ်ဆိုင်းထားခဲ့ရပြီး ယခုအခါ ပြည်တွင်းသုံးစွဲမှု တိုးမြင့်လာသော ဓာတ်မြေသြဇာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးနှင့် ပြည်ပသို့ တင်ပို့ နိုင်ရေးအတွက် နိုင်ငံတကာကုမ္ပဏီများနှင့်ပူးပေါင်းပြီး အဆင့်မြင့်ဓာတ်မြေသြဇာစက်ရုံသစ် တစ်ရုံ ထပ်မံတည်ဆောက်ရေး စီမံဆောင်ရွက်လျက်ရှိပြီး လက်ရှိစက်ရုံကိုလည်း ပြန်လည် ပြုပြင်မွမ်းမံ၍ လည်ပတ်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
25-Feb-2019