The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၅-၃-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၅၅၄.၄) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၉၃၆၅.၀) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၏ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် C1-W6 ၊ ပဲခူးတိုင်းဒေသကြီး (အနောက်) C1-W7 ၊ ဧရာဝတီတိုင်းဒေသကြီး C1-W8 နှင့် မန္တလေးတိုင်းဒေသကြီး C1-W9 တို့အတွက် တည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၇) ခုတို့အကြား တည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ         ၂၆.၃.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ    

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီး သီလဝါအထူးစီးပွားရေးဇုန်အတွင်း လျှပ်စစ်ဓာတ်အားတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

၂၀၁၉ ခုနှစ်၊ မတ်လ  ၈ ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် သီလဝါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် သီလဝါအထူး စီးပွားရေးဇုန်သို့ ရောက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်မှ တာဝန်ရှိသူများက အစည်းအဝေးခန်းမ၌ လျှပ်စစ်ဓာတ်အားရရှိမှု၊ ဖြန့်ဖြူးသုံးစွဲမှု အခြေအနေများ၊ လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ ပါသည်။

              ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေး၊ ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ ကြိုးပမ်းဆောင်ရွက်ပေးမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

              သီလဝါစက်မှုဇုန်အတွင်းရှိ လျှပ်စစ်ဖြန့်ဖြူးရေးစနစ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေ များကို လေ့လာသုံးသပ်၍ စက်မှုဇုန်အတွင်း လျှပ်စစ်ဌာနတာဝန်ရှိသူများနှင့် အသေးစိတ် ဆွေးနွေး မေးမြန်းကာ တိုးတက်ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်သင့်သော ကိစ္စရပ်များအား ဒုတိယ ဝန်ကြီးက အကြံပြုဆွေးနွေးခဲ့ပါသည်။

              ထို့နောက် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ ဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူး သုံးစွဲမှုအခြေအနေများအား လိုက်လံစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
08-Mar-2019