The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :
    (၂၂-၁-၂၀၁၉) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးမှာ (၃၂၁၆.၇) မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၅၉၆၈.၂) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။         ၂၃.၁.၂၀၁၉ ရက်နေ့ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ၏ နေ့စဉ်ရောင်းဈေးနှုန်းများ         မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ်များပေးအပ်ပွဲ၊ အလှူရှင်များအား ဂုဏ်ပြုလွှာ ပေးအပ်ပွဲနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အသင်းသား စုံညီ ညီလာခံအထိမ်းအမှတ် ညစာစားပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်    

ဘဏ္ဍာရေးဌာန


ဘဏ္ဍာရေးဌာန၏လုပ်ငန်းတာဝန်များ

ရသုံးခန့်မှန်းခြေငွေစာရင်းပြုစုခြင်းနှင့်ခွဲဝေချထားခြင်း

-   နှစ်စဉ် ငွေလုံးငွေရင်း/သာမန် လျာထားချက် မူလခန့်မှန်းခြေနှင့် ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှု ရေးဆွဲတင်ပြခြင်းနှင့် ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် ပိုလျှံရန်ပုံငွေပြန်လည် အပ်နှံခြင်း၊

-   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာမှ အခါအားလျော်စွာတောင်းခံသော စာရင်းများအား ပြုစု ပေးပို့ခြင်း။

-   ရုံးချုပ်ဌာနများနှင့်လက်အောက်ခံနယ်ရုံး (ခွဲရုံ၊လိုင်းရုံး၊စီမံကိန်းရုံး)များမှ တောင်းခံလာသော သာမန်အသုံးစရိတ်ရန်ပုံငွေနှင့် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေများစိစစ်ခွဲဝေပေးခြင်း၊

-   ငွေလုံးငွေရင်းအသုံးစရိတ်များ၊သာမန်အသုံးစရိတ်များစိစစ်ခြင်း၊ငွေထုတ်ကန့်သတ်ချက် (DL) ထည့်သွင်းခြင်းနှင့် ချက်လက်မှတ်များထုတ်ပေးခြင်း၊

ငွေစာရင်းလချုပ်

-   ရုံးချုပ်နှင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန လက်အောက်ရှိ ဌာနများ၏ အရ/အသုံး စာရင်းလချုပ်စာရင်းများကိုစစ်ဆေး၍ ငွေတိုက်ဦးစီးဌာနသို့ လစဉ်စာရင်း ပေးပို့ခြင်းနှင့် လစဉ်အသုံးစရိတ် ပြန်တမ်းများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ပြုစု ပေးပို့ခြင်း။

နိုင်ငံပိုင်နိုင်ငံခြားငွေနှင့် ချေးငွေကိစ္စရပ်များ

-   နိုင်ငံပိုင်နိုင်ငံခြားငွေနှင့် နိုင်ငံခြားချေးငွေဖြင့် ချုပ်ဆိုမည့် ပစ္စည်းဝယ်ယူရေးစာချုပ်များ၏ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များစစ်ဆေးခြင်း၊

-   သက်ဆိုင်ရာ စာချုပ်များအရ ငွေပေးချေမှုများအတွက် နိုင်ငံခြားချေးငွေ ခွင့်ပြုမိန့်များ လျှောက်ထားခြင်း၊ ငွေလွှဲစာတမ်းများဖွင့်လှစ်ခြင်း ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် ဆက်သွယ်၍ ငွေပေးချေခြင်း၊ နိုင်ငံခြားချေးငွေများထုတ်ယူသုံးစွဲခြင်းအတွက် အရင်းနှင့် အတိုးပေးဆပ်ခြင်း။

စာရင်းစစ်ဆေးခြင်း

-   ဌာနတွင်းစာရင်းစစ်ဆေးခြင်းနှင့် စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်အစီရင်ခံစာများ ပြန်ကြားခြင်း။

ဖွဲ့စည်းပုံ>>>