The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ဆောင်းပါးများ


ပြည်သူ့အတွက် တတိယ(၁)နှစ်တာ (ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် နှင့် MRTV အမေးအဖြေကဏ္ဍ)
          နိုင်ငံအတွက် အလွန်အရေးကြီးသည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ လုပ်ဆောင်ချက်များကို ဦးဆောင်ကာ ဖြည့်ဆည်းပေးနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ထံ ပြည်သူများ သိရှိလိုမည့် ပြောင်းလဲမှု၊ ဖော်ဆောင်မှုနှင့် အောင်မြင်မှု၊ စိန်ခေါ်မှုများအကြောင်းကို သိရှိနိုင်ရန် မေးမြန်း ဖော်ပြလိုက်ပါသည်။


Read More...

: 05-Apr-2019
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)
တစ်ဉီးချင်းမှသည် ပြည်သူအားလုံး စွမ်းအင်ကိုအကျိုးရှိစွာ အသုံးပြုခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆီသို့           လူတစ်ဉီးချင်း၏ကြည့်ရှု၍ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာကြသည်။ ပြည့်စုံ ချမ်းသာသည့်နိုင်ငံမှ နိုင်ငံသားတစ်ဦးချင်းစီသည် လျှပ်စစ်ကိုပိုမိုသုံးစွဲကြပြီး နိုင်ငံမပြည့်စုံ၊ ချို့တဲ့ပါက လျှပ်စစ်ကိုသုံးစွဲမှု နည်းပါးမည်သာ။ မိမိတို့နိုင်ငံတွင်လည်း လျှပ်စစ်ကို ပြည်သူတိုင်း သုံးစွဲခွင့်ရရှိရန် စွမ်းအင်အမျိုးမျိုးကိုအခြေခံကာထုတ်လုပ်ပြီး လျှပ်စစ်စွမ်းအားလိုအပ်ချက်ကို ဖြည့်တင်းလျက်ရှိသည်။           မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ခြေလှမ်းမှန်မှန်လျှောက်လှမ်းချိန်တွင် လူတစ်ဦးချင်းစီ၏ လျှပ်စစ်ပိုမိုသုံးစွဲနိုင်ရေးသည် အရေးကြီးသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အစိုးရတာဝန်ယူဆောင်ရွက်နေသည့် တတိယ(၁)နှစ်တာ အတွင်း လူတစ်ဦးချင်းစီ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ကီလိုဝပ်နာရီ ၃၇၀ အထိ ရှိလာသည့် အတွက် ယခင်နှစ်ကထက် လူတစ်ဦးချင်း လျှပ်စစ်သုံးစွဲမှု ၁၀ ဒသမ ၇ ရာခိုင်နှုန်းအထိ အထိ မြင့်တက်လာခဲ့သည်ဟု အစိုးရ၏ တတိယ(၁)နှစ်တာ ဖြတ်သန်းမှုများအကြောင်းတွင် ထည့်သွင်း ပြောကြားသည်။


Read More...

: 04-Apr-2019
လျှပ်စစ်အန္တရာယ်မှ ကာကွယ်ပေးမည့် Error (4)
တနေ့သ၌ မြဆောင်တစ်ယောက် မရောက်တာ ကြာပြီဖြစ်သော သူငယ်ချင်းဖြစ်သူ လှအောင်အိမ်သို့ အလည်အပတ် သွားရောက်စဉ် ရောက်ရောက်ချင်းပင် ခရီးရောက်မဆိုက် လှအောင်က ဆီးကြိုကာ ပြောတော့သည်။


Read More...

: 07-Jan-2019
လျှပ်စစ်မီးလေး လင်းချင်တယ် အပိုင်း(၄)
ရခိုင်ပြည်နယ်အတွင်းရှိပြည်သူများ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိရေး ၂၃၀ ကေဗွီ ဓာတ်အားလိုင်းကြိုးဆွဲလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စီမံကိန်းမန်နေဂျာ ရုံး(၆)ရုံးမှ ကြိုးဆွဲအဖွဲ့(၆)ဖွဲ့၊ မဟာဓာတ်အားလိုင်းမှူးရုံး(၄)ရုံးမှ ကြိုးဆွဲအဖွဲ့(၄)ဖွဲ့၊ စုစုပေါင်း(၁၀)ဖွဲ့ဖြင့် ဆောင်ရွက်ရန် စီစဉ်ပြီး ပထမအဆင့်အနေဖြင့် ဥသျှစ်ပင်မှတောင်ကုတ်(ဘာယေ)အထိ ဓာတ်အား လိုင်း(၅၄.၄၁)မိုင်ကို ၂၀၁၄ခုနှစ်၊ဇွန်လတွင်လည်းကောင်း၊ တောင်ကုတ်မှ မအီအထိ ဓာတ်အား လိုင်း(၄၆.၇၈)မိုင်ကို ၂၀၁၄ခုနှစ်၊ ဇူလိုင်လတွင်လည်းကောင်း၊


Read More...

: 10-Oct-2018
လျှပ်စစ်မီးလေး လင်းချင်တယ် အပိုင်း(၃)
မြန်မာပြည်အနှံ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းအကောင်အထည်ဖော်လျှက်ရှိရာ နိုင်ငံတော်ဘတ်ဂျက်ရရှိမှု အခြေအနေ၊ ပြင်ပချေးငွေရရှိမှုအခြေအနေများအရ နိုင်ငံအနှံတစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှု မရှိပေမယ့် အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။


Read More...

: 10-Oct-2018