The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


(ဃ)-မြစ်သားမြို့နယ်၊ မြောင်းကြီးဘောင်၊ ပွဲလုံးကျော်နှင့် ထိန်ကန်ကြီးကျေးရွာများမှာ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကျေးရွာမီးလင်းရန် အခက်အခဲရှိနေသောကြောင်း လျှပ်စစ်မီးရရှိရေးအတွက် ရန်ပုံငွေချထားပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း
မိမိတို့လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်” ဟူသည့်အတိုင်း မိမိတို့သည် လွှတ်တော် အစည်းအဝေးနားချိန်တွင် ကျေးရွာများသို့သွားရောက်ပြီး လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊


Read More...

: 28-Feb-2019
(ဂ)-မန်တုံမြို့နယ်၊ နမ့်ဟိုင်းကျေးရွာအုပ်စု၊ နမ့်ဟိုင်းကျေးရွာ(မိုင်းမော်ဒေသ)အား လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မန်တုံမြို့နယ်တွင် ကျေးရွာပေါင်း ၁၅၃ ရွာရှိပြီး အမှန်တကယ် လျှပ်စစ်မီးရရှိသည့် မြို့ပေါ်ရပ်ကွက် လေးခုသာ ရှိပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈)တွင် နိုင်ငံသူနိုင်ငံသားများ၏ မူလ အခွင့်အရေးနှင်‌့ ရပိုင်ခွင့်များကို တိတိကျကျပြဋ္ဌာန်းထားသော်လည်း မြို့နယ် လျှပ်စစ်မီးရရှိမှု အခြေအနေကိုကြည့်ခြင်းအားဖြင့် တန်းတူညီမျှမှုမည်မျှရှိသည်ကို သိနိုင်ပါကြောင်း၊


Read More...

: 28-Feb-2019
(ခ)-မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လျှပ်စစ်မီးရရှိနိုင်ရန် လျှပ်စစ်ဓာတ်အားလိုင်း လိုအပ်ချက် များအတွက် 66/11 KV ၊ 5MVA ဓာတ်အားခွဲရုံ(၂)ရုံအား ထပ်မံတိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မင်းတုန်းမြို့သည် ပုသိမ်-မုံရွာလမ်းမကြီးနှင့် ၃ မိုင် ၄ ဖာလုံ ကွာဝေးပြီး ရပ်ကွက် လေးခု၊ ကျေးရွာ အုပ်စု ၇၂ အုပ်စုတို့နှင့် ကျေးရွာပေါင်း ၁၇၆ ရွာရှိသော မြို့တစ်မြို့ဖြစ်ပြီး လျှပ်စစ်မီးရရှိရေး လိုအပ် နေသည့် မြို့ဖြစ်ပါကြောင်း၊


Read More...

: 28-Feb-2019
(က)-တမူးမြို့နယ်သို့ မဟာဓာတ်အားလိုင်းသွယ်တန်းပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနက မည်သို့စီမံဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် လူဦးရေ ၁၂၇၀၀၀ ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံ၏ အနောက်မြောက် အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွင် တည်ရှိပါကြောင်း၊ ၈.၄.၂၀၁၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မဏိပူရလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကုမ္ပဏီမှ တစ်ယူနစ်လျှင် နှစ်ရာကျပ်နှုန်းဖြင့် လျှပ်စစ် ဓာတ်အားဝယ်ယူအသုံးပြုနေပါကြောင်း၊ လတ်တလောတွင် တမူးမြို့နေပြည်သူများအတွက် လျှပ်စစ်မီး လိုအပ်ချက် ပြည့်စုံသော်လည်း ရေရှည်တွင် လျှပ်စစ်မီးသုံးစွဲမှုများလာသည်နှင့်အမျှ ကုန်ကျစရိတ် များပြားနိုင်ပါကြောင်း၊


Read More...

: 28-Feb-2019
ဆိပ်ဖြူလျှပ်စစ်ဓာတ်အားခွဲရုံမှ လက်ဆယ်ကျေးရွာထိ၊ ပင်းတလဲကျေးရွာနှင့် ဆူးလေကုန်း ကျေးရွာထိမီးတိုင်၊ မီးကြိုးများသွယ်တန်းပြီးဖြစ်ပါ၍ မီးတိုင်၊ မီးကြိုးနှင့်နီးသော ကျေးရွာများအား လျှပ်စစ်မီးပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
၇-၆-၂၀၁၆ ခုနှစ် ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေး (၄၀)ရက်မြောက်နေ့တွင် မိမိလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို မေးခွန်းသုံးခုမေးမြန်းခဲ့ပါကြောင်း၊ လက်ဆယ်ကျေးရွာထိမီး သွယ်ပေးနိုင်ခြင်းရှိ/မရှိ၊ ပင်းတလဲကျေးရွာထိ မီးသွယ်ပေးနိုင်ခြင်းရှိ/မရှိနှင့် ကျန်ရွာများ မီးသွယ် ပေးနိုင်ခြင်းရှိ/မရှိတို့ကို မေးမြန်းခဲ့သည့်အခါ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးက ပထမမေးခွန်း နှစ်ခုကို သွယ်တန်းပေးမည်ဟု ကတိပေးခဲ့သည့်အတိုင်း 11 KV လိုင်းများကို မီးကြိုးနှင့် ဓာတ်တိုင်များ သွယ်တန်းပြီးဖြစ်ပါကြောင်း၊


Read More...

: 28-Feb-2019