The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း Marubeni မှ General Manager ဖြစ်သူ Mr. Shintaro Yamanaka ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ( ၂၇ )ရက်

       လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် Marubeni  မှ General Manager ဖြစ်သူ Mr. Shintaro Yamanaka ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့၊ ၁၀:၀၀ နာရီအချိန် တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောင်ရွက်နေသော ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်းအခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် LNG to Power အဆိုပြုစီမံကိန်းဆိုင်ရာအခြေအနေများ၊ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ် ဓာတ်အားထုတ်ယူနိုင်မည့် အခြေအနေ၊ ဂျပန် JICA ၏ ODA ချေးငွေဖြင့် အကောင်အထည်ဖော်နေသော သာကေတဓာတ်အားပေးစက်ရုံ အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေနှင့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံ စီမံကိန်းများအခြေအနေ၊ ပစ္စည်းထုတ်လုပ်မှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်သွား နိုင်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

           အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် Marubeni မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
27-Jan-2020