The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းလက်အောက်ရှိ Yangon Franchise Company များဖြစ်ကြသော Asia Might Co., Ltd. ၊ ဓနရာဇာကုမ္ပဏီ၊ Consultant International Co., Ltd. ၊ Myanmar Global Lighting Star Co., Ltd. နှင့် City Light Power Co., Ltd. တို့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ( ၂၅ )ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းလက်အောက်ရှိ Yangon Franchise Company များ ဖြစ်ကြသော Asia Might Co., Ltd. ၊ ဓနရာဇာကုမ္ပဏီ၊ Consultant International Co., Ltd. ၊ Myanmar Global Lighting Star Co., Ltd. နှင့် City Light Power Co., Ltd. တို့မှ တာဝန်ရှိသူ များအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

              ထိုသို့တွေ့ဆုံရာတွင် Yangon Franchise Company များမှ ၅ နှစ်တာကာလ အတွင်း ရင်းနှီးမြှုပ်နှံခဲ့မှုအခြေအနေများ၊ သင့်လျော်သော ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ် နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဌာနအကြီးအကဲများ နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း လက်အောက်ရှိ Yangon Franchise Company များဖြစ်ကြသော Asia Might Co., Ltd. ၊ ဓနရာဇာကုမ္ပဏီ၊ Consultant International Co., Ltd. ၊ Myanmar Global Lighting Star Co., Ltd. နှင့် City Light Power Co., Ltd. တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
25-Feb-2020