The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ကျောက်ဆည်တွင်JICA ချေးငွေ အသုံးပြု၍ တည်ဆောက်မည့် နိုင်ငံပိုင် (၃၀၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းဆိုင်ရာ Environmental Impact Assessment (EIA Report)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်တွင် JICA ချေးငွေ အသုံးပြု၍ တည်ဆောက်မည့် နိုင်ငံပိုင် (၃၀၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာ Environmental Impact Assessment (EIA Report ) ကို တတိယအဖွဲ့အစည်းဖြစ်သည့် Nippon Koei Co.,Ltd , Myanmar Koei International Ltd နှင့် Resource and Environment Myanmar Co.,Ltd. မှ ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှအတည်ပြုနိုင်ရေး ညှိနှိုင်းပေးပို့ခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စီမံကိန်း EIA Report အပေါ်သုံးသပ်ချက်နှင့် စိစစ်တွေ့ရှိချက်၊ အကြံပြုချက်အရ EIA လုပ်ထုံးလုပ်နည်း ၂၀၁၅ ကိုလိုက်နာ၍ ပြုစုပြီးဖြစ်ပါသဖြင့် ကျောက်ဆည်စီမံကိန်း EIA Report ကို အများပြည်သူသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Post under by : လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း(EPGE)
14-Jul-2020