The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ခေါ်ယူသော အငယ်တန်းအင်ဂျင်နီယာ(၂)ရာထူး ရေးဖြေ စာမေးပွဲ ကျင်းပမည့်နေ့ရက်နှင့် ဖြေဆိုခွင့်ရရှိသူများ အမည်စာရင်း ကြေညာခြင်း

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏(၃.၆.၂၀၂၀)ရက်စွဲပါကြော်ငြာစာအမှတ်(၁/၂၀၂၀) ဖြင့်ကြော်ငြာခေါ်ယူခဲ့သည့်အငယ်တန်းအင်ဂျင်နီယာ(၂)(၉၃)နေရာအတွက် ရေးဖြေ စာမေးပွဲ ကျင်းပမည့်နေ့ရက်နှင့် ဖြေဆိုခွင့်ရရှိသူများ အမည်စာရင်းအား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်-

၁။           လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏(၃.၆.၂၀၂၀)ရက်စွဲပါကြော်ငြာစာအမှတ်(၁/၂၀၂၀) ဖြင့်ကြော်ငြာခေါ်ယူခဲ့သည့်အငယ်တန်းအင်ဂျင်နီယာ(၂)(၉၃)နေရာအတွက်ရေးဖြေစာမေးပွဲကိုအောက်ပါ  အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

              (က)    ရက်စွဲ    ၁၆.၈.၂၀၂၀ (တနင်္ဂနွေနေ့)

              (ခ)     အချိန်    (၀၉:၀၀)နာရီမှ(၁၁:၀၀)နာရီအထိ        အင်္ဂလိပ်စာဘာသာရပ်

                                    (၁၃:၀၀)နာရီမှ(၁၅:၀၀)နာရီအထိ        အင်ဂျင်နီယာဘာသာရပ်

              (ဂ)     နေရာ    နေပြည်တော်

၂။            အဆိုပါ ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို (၁၃.၈.၂၀၂၀)ရက်နေ့မှ (၁၅.၈.၂၀၂၀) ရက်နေ့အထိ နံနက်(၀၉:၀၀)နာရီမှ ညနေ(၁၆:၃၀)နာရီအထိ ရုံးချိန်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရုံးအမှတ်(၂၇)၊ စီမံခန့်ခွဲရေးဌာနသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်အတူ လူကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ပါသည်။

၃။                           ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများစာရင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Websiteတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Download Link : EC.pdf
Download Link : EP.pdf
Download Link : IT.pdf
Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
27-Jul-2020