The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်သူသို့ အသိပေးတင်ပြချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ပြည်သူသို့ အသိပေးတင်ပြချက်

၁၃၈၂ ခု နှစ် ၊ တပေါင်းလဆန်း    ၁၃     ရက်

( ၂၀၂၁ ခု နှစ် ၊ မတ် လ    ၂၅     ရက်)

၁။            Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ (COVID-19) ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီး‌ရေးအတွက် (၂၈-၂-၂၀၂၁) ရက်နေ့အထိ ထုတ်ပြန် ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျော့ပေး သည့် ကိစ္စရပ်များမပါ) အား (၃၁-၃-၂၀၂၁) ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ် ဆောင်ရွက်ထား ပါကြောင်း ၂၆-၂-၂၀၂၁ ရက်နေ့တွင် အသိပေးကြေညာခဲ့ပါသည်။

၂။            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် COVID-19 ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ (၁၅၀) ယူနစ်အား ဓာတ်အားခ ကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ပေးသွားမည် ဖြစ်ပါကြောင်း ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၃။            ယခုအခါ Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး အတွက် (၂၈-၂-၂၀၂၁) ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်သည့်အတွက် မတ်လ (၁) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိ (၁၅၀) ယူနစ်အား ဓာတ်အားခ ကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ထပ်မံပေးသွားမည်ဖြစ်ပါသည်။

၄။            ထို့ကြောင့် ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ (၃၁)ရက်နေ့အထိ ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ(မပါ)) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁ ယူနစ် မှ ၁၅၀ ယူနစ်ထိ စုစုပေါင်း(၁၅၀) ယူနစ်ကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်(အခမဲ့) ရရှိမည် ဖြစ် ပါသည်။

၅။            သို့ပါ၍ သုံးစွဲခဲ့သော လျှပ်စစ်ဓာတ်အားသုံးစွဲမှုယူနစ်များအနက်မှ လျှပ်စစ် ဓာတ်အား သုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက် ဓာတ်အားခ ကျသင့်ငွေ နှင့် မီတာဝန်ဆောင်ခ အပါအဝင် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ပြီး (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲသူများကို ယူနစ် (၁၅၀) အတွက် ဓာတ်အားခကျသင့်ငွေ (၁၁၅၅ဝိ/-) ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည် ဖြစ်ပါသည်။

၆။            အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲမှုများအား အလွှာလိုက်သတ်မှတ်ချက်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ အထူးကိစ္စတစ်ရပ် အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများ အားလုံးသည် ယခင်သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။

 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
25-Mar-2021