The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ခေါ်ယူသော ယာဉ်မောင်း(၅)၊ လုပ်သားရာထူးနေရာများအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်နယ်/ တိုင်းဒေသကြီးများမှ ပေးပို့လာသည့် လျှောက်လွှာများအနက် သတ်မှတ်ချက်များနှင့် ကိုက်ညီ သည့် လျှောက်လွှာရှင်များ၏ အမည်စာရင်း၊ လက်တွေ့လုပ်ငန်းကျွမ်းကျင်မှု စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ကျင်းပပြုလုပ်မည့် နေ့ရက်နှင့် နေရာ ကြေညာခြင်း

၁။       ရုံးအမှတ်(၆)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ခေါ်ယူခဲ့သော ယာဉ်မောင်း(၅)နှင့် လုပ်သားရာထူးနေရာများအတွက် ၁၅-၁၀-၂၀၂၁ ရက်နေ့မှ ၄-၁၁-၂၀၂၁ ရက်နေ့အထိ ပေးပို့လျှောက်ထားလာသည့် လျှောက်လွှာများအနက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် ယာဉ်မောင်း(၅) ရာထူးနေရာသို့ ဖြေဆိုမည့် (၅၉)ဦးနှင့် လုပ်သားရာထူးသို့ ဖြေဆိုမည့် (၂၃၈)ဦးအား လက်တွေ့လုပ်ငန်း ကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Download Link : Driver_and_Staff.pdf
Post under by : ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)
09-Nov-2021