The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၀န်ကြီးဌာနသတင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်း The World Bank မှ Lead Energy Specialist and Task Team Leader ဖြစ်သူ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် The World Bank မှ Lead Energy Specialist and Task Team Leader ဖြစ်သူ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဒုတိယဝန်ကြီး၏ရုံးခန်း၌ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။


Read More...
19-Oct-2020
မကွေးတိုင်းဒေသကြီး၊ ကျောက်ထုမြို့နယ်အတွင်းရှိ ကျေးရွာ (၆)ရွာ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားထပ်မံရရှိ

  မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP Phase-1) ဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ တည်ဆောက် ပြီးစီး၍ ပန်းဆန်ကျေးရွာကို (၁၅.၁၀.၂၀၂၀) ရက်နေ့တွင် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး၊ ယင်းကျေးရွာနှင့် ဆက်စပ်လျက်ရှိသော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် တေးကျေးရွာကို (၁၆.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ စံကျေးရွာကို (၁၇.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ သရက်ချဉ်ကျေးရွာ၊ နသိုကျေးရွာနှင့် အကြည်ပန်းပလွန်းကျေးရွာတို့ကို (၁၉.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။


Read More...
19-Oct-2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာ (၄) ရွာအား အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP Phase -1) ဖြင့် မီးလင်းရေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ မယ်ဇလီတန်း၊ သိမ်ကုန်း၊ မရိုးကုန်းနှင့် ရွှေပေးကျေးရွာတို့အား NEP Phase -1 စီမံကိန်းဖြင့် ဓာတ်အားရရှိမှုအတွက် မီးလင်းရေးအောင်ပွဲ အခမ်းအနားကို ၁၈.၁၀.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...
18-Oct-2020

ဆောင်းပါးများ

ပြည်သူ့အတွက် လျှပ်စစ်အဟုန် နိုင်ငံ့ဂုဏ်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သော ပြည်သူ လူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် အဓိကအချက်သည် လမ်းပန်းဆက်သွယ် ရေးနှင့် လျှပ်စစ်မီးရရှိရေး ဖြစ်သည်နှင့်အညီ ရည်မှန်းချက်ဖြစ်သည့် ပြည်သူများ ယုံကြည် စိတ်ချ ရသည့် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား၊ ပြည့်ဝစွာသုံးစွဲနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည့် အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံ သာတူညီမျှဖြစ်စေရန် ဖြည့်ဆည်းဆောင်ရွက်မှုများကို တိုင်း ဒေသကြီး၊ ပြည်နယ်အပါအဝင် နယ်စပ်ဒေသများပါမကျန် ဖြန့်ကြက် ဆောင်ရွက်ပေးလျက်ရှိသည်။


Read More...
25-Sep-2020
သမင်မွေးရင်း ကျားစားရင်း

သမင်မွေးရင်းကျားစားရင်း ဟူသော စကားပုံသည်ကား ကိုပြုံးချို တို့ လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနကို ရည်ရွယ်ခဲ့လေရော့သလားမသိ။ ထာဝရ မြန်နှုံးမြင့် အပြေးသမားဟုပင် တင်စား လိုပါ ၏။ လိုအပ်ချက်များက မပြည့်----- မပြည့်--- မပြည့်နိုင်သေး။ မီးသုံးစွဲလို သူတို့ရဲ့ဆန္ဒတွေလိုလား ချက်တွေကို အပြည့်ဝဆုံးဖြစ်အောင် ဖြည့်ဆည်းအပေးချင်ဆုံးက သည်လူများသာ။ နယ်မြေအလိုက် ဝင်လာနေတဲ့ ဖုန်းတဂွမ်ဂွမ် နှင့် ကွန်ပလိန်းတွေ ကင်းပချင်ဆုံးကလည်း သည်လူ များ သာတည်း။


Read More...
24-Sep-2020

အခြားသတင်းများ

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တို့၌ (၂၄-၁၀-၂၀၂၀) ရက်နေ့မှ (၃-၁၁-၂၀၂၀) ရက်နေ့တို့တွင် မြို့နယ်အလိုက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်း ပြုပြင်ခြင်း၊ သစ်ပင်သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် အောက်ဖော်ပြပါ နေရာများ တွင် ဓာတ်အားပြတ်တောက်မည် ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်-

Read More...
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှခေါ်ယူသောအငယ်တန်းအင်ဂျင်နီယာ(၂) ရာထူး လူတွေ့ဖြေဆိုမည့်နေရာနှင့်ခုံနံပါတ်များစာရင်းကြေညာခြင်း

၁။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ အငယ်တန်းအင်ဂျင်နီယာ(၂)ရာထူး လူတွေ့ဖြေဆိုမည့် နေရာနှင့်ခုံနံပါတ်များအသေးစိတ်စာရင်းနှင့် သတင်းပို့ဆက်သွယ်ရမည့်လူတွေ့အရည်အချင်းစစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့များ၏ ဖုန်းနံပါတ်များစာရင်းအား အောက်ပါအတိုင်းကြေညာအပ်ပါသည်-

Read More...
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှခေါ်ယူသောအငယ်တန်းအင်ဂျင်နီယာ ( ၂ ) ရာထူး ရေးဖြေစာမေးပွဲ အောင်မြင်သူများအား Online မှတဆင့် လူတွေ့ စစ်ဆေးမှုပြုလုပ်မည့်နေ့ရက် ကြေညာခြင်း

၁။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ (၃.၆.၂၀၂၀) ရက်စွဲပါကြေငြာစာအမှတ်( ၁ / ၂၀၂၀ )ဖြင့် ကြော်ငြာခေါ်ယူခဲ့သည့် အငယ်တန်းအင်ဂျင်နီယာ( ၂ )ရာထူး ( ၉၃ )နေရာအတွက် (၁၆.၈.၂၀၂၀)ရက်နေ့တွင် ရေးဖြေစာမေးပွဲကျင်းပပြုလုပ်ခဲ့ပြီး ၊ ရေးဖြေစာမေးပွဲအောင်မြင်သူများ စာရင်းအား (၉.၁၀.၂၀၂၀)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြော်ငြာပေးခဲ့ပြီး ဖြစ်ပါသည်။

Read More...
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)

လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓာတ်အားဖြန့်ဖြူးရေးအပိုင်း အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ( NEP ) လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လျာထားချက်အခြေအနေ တင်ပြချက်

လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓာတ်အားဖြန့်ဖြူးရေးအပိုင်း အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ( NEP ) လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လျာထားချက်အခြေအနေ တင်ပြချက်

Read More...

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း ( ၂.၁၀.၂၀၂၀ ) မှ ( ၈.၁၀.၂၀၂၀ ) ထိ

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း ( ၂.၁၀.၂၀၂၀ ) မှ ( ၈.၁၀.၂၀၂၀ ) ထိ

Read More...
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)