The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၀န်ကြီးဌာနသတင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရဲရမန်းကျေးရွာအနီး မြစ်ငယ်မြစ်ဝှမ်းပေါ်တွင် တည်ဆောက် ထားသည့် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...
19-Jul-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ဘိုင်းဒါး ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီ:ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဘိုင်းဒါးဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။


Read More...
16-Jul-2019
၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နေပြည်တော် ပင်မဓာတ်အားခွဲရုံအမှတ်(၂)၊ ရုံးအမှတ်(၆)၊ (၄၄)တို့နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ကွပ်ကဲမှုအောက်ရှိ အမှတ်(၁)တည်ဆောက်ရေး (ပေါင်းလောင်း)၊ ပေါင်းလောင်းဓာတ်အားပေးစက်ရုံ၊ နေပြည်တော်ပင်မဓာတ်အားခွဲရုံအမှတ်(၁)၊  ပျဉ်းမနားပင်မဓာတ်အားခွဲရုံနှင့် ရွှေမြို့ပင်မဓာတ်အားခွဲရုံတို့တွင် ကျွန်း၊ တမလန်း၊ ပျဉ်းကတိုး၊ ပိတောက် စသည့် ရတနာတန်းဝင်ပင်များနှင့် ကုက္ကို၊ ငုဝါ၊ မယ်ဇယ်၊ ပန်းမယ်ဇလီ၊ စိန်ပန်းပြာ၊ မယ်ဇလီ၊ တမာ၊ မန်ကျည်း၊ ကုက္ကိုလ်၊ စသည့် အရိပ်ရ လေကာပင်များအပါအဝင် ပျိုးပင်စုစုပေါင်း ၂၁၅၀ ပင်တို့အား တစ်ချိန်တည်း တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ပါသည်။


Read More...
05-Jul-2019

ဆောင်းပါးများ

ပြည်သူ့အတွက် တတိယ(၁)နှစ်တာ (ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် နှင့် MRTV အမေးအဖြေကဏ္ဍ)

          နိုင်ငံအတွက် အလွန်အရေးကြီးသည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ လုပ်ဆောင်ချက်များကို ဦးဆောင်ကာ ဖြည့်ဆည်းပေးနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ထံ ပြည်သူများ သိရှိလိုမည့် ပြောင်းလဲမှု၊ ဖော်ဆောင်မှုနှင့် အောင်မြင်မှု၊ စိန်ခေါ်မှုများအကြောင်းကို သိရှိနိုင်ရန် မေးမြန်း ဖော်ပြလိုက်ပါသည်။


Read More...
05-Apr-2019
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)

တစ်ဉီးချင်းမှသည် ပြည်သူအားလုံး စွမ်းအင်ကိုအကျိုးရှိစွာ အသုံးပြုခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆီသို့           လူတစ်ဉီးချင်း၏ကြည့်ရှု၍ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာကြသည်။ ပြည့်စုံ ချမ်းသာသည့်နိုင်ငံမှ နိုင်ငံသားတစ်ဦးချင်းစီသည် လျှပ်စစ်ကိုပိုမိုသုံးစွဲကြပြီး နိုင်ငံမပြည့်စုံ၊ ချို့တဲ့ပါက လျှပ်စစ်ကိုသုံးစွဲမှု နည်းပါးမည်သာ။ မိမိတို့နိုင်ငံတွင်လည်း လျှပ်စစ်ကို ပြည်သူတိုင်း သုံးစွဲခွင့်ရရှိရန် စွမ်းအင်အမျိုးမျိုးကိုအခြေခံကာထုတ်လုပ်ပြီး လျှပ်စစ်စွမ်းအားလိုအပ်ချက်ကို ဖြည့်တင်းလျက်ရှိသည်။           မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ခြေလှမ်းမှန်မှန်လျှောက်လှမ်းချိန်တွင် လူတစ်ဦးချင်းစီ၏ လျှပ်စစ်ပိုမိုသုံးစွဲနိုင်ရေးသည် အရေးကြီးသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အစိုးရတာဝန်ယူဆောင်ရွက်နေသည့် တတိယ(၁)နှစ်တာ အတွင်း လူတစ်ဦးချင်းစီ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ကီလိုဝပ်နာရီ ၃၇၀ အထိ ရှိလာသည့် အတွက် ယခင်နှစ်ကထက် လူတစ်ဦးချင်း လျှပ်စစ်သုံးစွဲမှု ၁၀ ဒသမ ၇ ရာခိုင်နှုန်းအထိ အထိ မြင့်တက်လာခဲ့သည်ဟု အစိုးရ၏ တတိယ(၁)နှစ်တာ ဖြတ်သန်းမှုများအကြောင်းတွင် ထည့်သွင်း ပြောကြားသည်။


Read More...
04-Apr-2019

အခြားသတင်းများ

ဆိုင်းငံ့ထားသည့် ယူရီးယားဓာတ်မြေသြဇာတင်ဒါများ ပြန်လည်ဖွင့်လှစ်ခြင်း

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဆိုင်းငံ့ထားသည့် ယူရီးယားဓာတ်မြေသြဇာတင်ဒါများအား အောက်ပါအတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်-

Read More...
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)

စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ခွင့်ပြုထုတ်ပေးထားသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ

စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ခွင့်ပြုထုတ်ပေးထားသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ

Read More...
မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း(MPPE)

တိုင်းဒေသကြီး /ပြည်နယ်များရှိ မြို့နယ်များ၏ အိမ်သုံးမီတာများ ရရှိ / ထုတ်ပေး / လက်ကျန် စာရင်း ( ၅.၇.၂၀၁၉)

တိုင်းဒေသကြီး /ပြည်နယ်များရှိ မြို့နယ်များ၏ အိမ်သုံးမီတာများ ရရှိ / ထုတ်ပေး / လက်ကျန် စာရင်း ( ၅.၇.၂၀၁၉)

Read More...
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ (၂၉.၆.၂၀၁၉) မှ (၃.၇.၂၀၁၉) ထိ မီတာရရှိ၊ထုတ်ပေး၊လက်ကျန်များစာရင်း (ရုံးချုပ်)

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ (၂၉.၆.၂၀၁၉) မှ (၃.၇.၂၀၁၉) ထိ မီတာရရှိ၊ထုတ်ပေး၊လက်ကျန်များစာရင်း (ရုံးချုပ်)

Read More...
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ (၂၂.၆.၂၀၁၉) မှ (၂၈.၆.၂၀၁၉) ထိ မီတာရရှိ၊ထုတ်ပေး၊လက်ကျန်များစာရင်း (ရုံးချုပ်)

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ (၂၂.၆.၂၀၁၉) မှ (၂၈.၆.၂၀၁၉) ထိ မီတာရရှိ၊ထုတ်ပေး၊လက်ကျန်များစာရင်း (ရုံးချုပ်)

Read More...
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)