The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

သတင်းစာရှင်းလင်းချက်


သတင်းထုတ်ပြန်ချက် (၅/၂၀၁၉)
သတင်းထုတ်ပြန်ခြင်း(၅/၂၀၁၉)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ လျှပ်စစ်ဓာတ်အားခ နှုန်းထားပြောင်းလဲသတ်မှတ်ခြင်းနှင့် စီမံဆောင်ရွက်မှုအခြေအနေ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး နှင့် လျှပ်စစ်ဓာတ်အားပြည့်ဝတည်ငြိမ်စွာဖြင့် ပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် ရေနံချောင်းမြို့နယ်၊


Read More...

: 04-Jul-2019
သတင်းထုတ်ပြန်ချက် (၃/၂၀၁၉)
  သတင်းထုတ်ပြန်ခြင်း (၃/၂၀၁၉) အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ မြင်းခြံဒေသ၊ အမှတ်(၁) သံမဏိစက်ရုံအနီး၌ IPP/BOT စနစ်ဖြင့် ၂၂၅မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံစီမံကိန်းပြီးစီးမှုအခြေအနေ၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာအပါအဝင် ကျေးရွာ(၁၇)ရွာအား နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီဓာတ်အားဖြန့်ဖြူးပေး နိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိနိုင်ရေးအတွက် မအူပင်(တောင်) တွင်းအမှတ် (၂၂) ၏ တွင်းတူးဖော်မှုအခြေအနေ၊ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) လေ့ကျင့်ပညာပေးရေး


Read More...

: 14-Mar-2019
သတင်းထုတ်ပြန်ချက် (၂/၂၀၁၉)
သတင်းထုတ်ပြန်ခြင်း(၂/၂၀၁၉)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်းတွင်အသုံးပြုရန် ပစ္စည်းများဝယ်ယူထားရှိမှုအခြေအနေ၊ ၆၆ကေဗွီ ရာဇဂြိုလ်- ကလေး-ကလေးဝဓာတ်အားလိုင်း ၄၈.၉၆ မိုင်နှင့် ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံ တည်ဆောက်မှုအခြေအနေ၊ အပူစွမ်းအင်သုံး စက်ရုံများဌာန၊ ဓာတ်အားပေး စက်ရုံစီမံကိန်းများ အခြေအနေ၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ပထမအဆင့် တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်ထားရှိမှုအခြေအနေ၊


Read More...

Post under by : ဝန်ကြီးရုံး
: 14-Feb-2019
သတင်းထုတ်ပြန်ခြင်း (၁/၂၀၁၉)
သတင်းထုတ်ပြန်ခြင်း (၁/၂၀၁၉) အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ မွန်ပြည်နယ်၊ ကျိုက်မရော ာ မြို့နှင့် သံဖြူဇရပ်မြို့များနယ်များအတွင်းဖြတ်သန်း၍ ၆၆ကေဗွီ မော်လမြိုင်-သံဖြူဇရပ်ဓာတ်အားလိုင်း ၄၀.၄၈မိုင်၊ ၆၆/၃၃/၁၁ကေဗွီ ၂၀အမ်ဗွီအေ သံဖြူဇရပ်ဓာတ်အားခွဲရုံနှင့် မော်လမြိုင်ဓာတ်အားခွဲရုံ Switch Bay Extension လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေ၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသများရှိ ပြည်သူများ လူမှုဘဝတိုးတက်ရေးအတွက်


Read More...

: 17-Jan-2019
သတင်းထုတ်ပြန်ချက် (၁၁/၂၀၁၈)
သတင်းထုတ်ပြန်ခြင်း(၁၁/၂၀၁၈)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် Asia Development Bank ချေးငွေဖြင့် ဆောင်ရွက်ခဲ့သော ဓာတ်အား ခွဲရုံများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေ ဇင်ချောင်းဓာတ်အားခွဲရုံအား ဓာတ်အားလွှတ်ပြီးစီးမှုအခြေအနေ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင်၊ မာန်အောင်မြို့နယ်အား လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ ၆၆ ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်း ၄၀.၄၈မိုင်၊ ၆၆ကေဗွီ သံဖြူဇရပ်ဓာတ်အားခွဲရုံနှင့် မော်လမြိုင်ဓာတ်အားခွဲရုံ Switch Bay Extension တို့မှ ဓာတ်အားစတင်ပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေ၊ ၁၉၆၀ခုနှစ်မှ ယခု ၂၀၁၈ ခုနှစ် အတွင်း လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်မှုအခြေအနေ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အရှေ့တောင် အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီမှ လူမှုစီးပွားအထောက်အကူပြုလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေ၊ ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ(၃၄)အရ စီမံခန့်ခွဲမှုနည်းလမ်းဖြင့် အရေးယူဆောင်ရွက်ရာတွင် ပေးဆောင် ရန် သတ်မှတ်သည့်ဒဏ်ကြေးငွေနှင့် ချမှတ်မည့်ပြစ်ဒဏ်များကို ပြစ်ဒဏ်ချမှတ် အရေးယူရန်ဆောင်ရွက် မှုအခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် ဗို့အား ပြည့်မီစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် 66/11-6.6kV (Gas Insulated Switchgear- GIS) ဓာတ်အားခွဲရုံများတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ မြင်းခြံဒေသဝန်းကျင် ကျေးရွာ(၁၇)ရွာသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်မှုအခြေအနေနှင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC Call Center) ၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 13-Dec-2018